ဖိလိပ္ပိ ၃:၁၃-၁၄” ညီအစ်ကိုတို့ ငါကိုင်မိပြီဟု ကိုယ်ကို ကိုယ်မထင်သောလည်း ငါပြုသောအမှုတစ်ခုဟူမူကား နောက်ကျသော အရာတို့ကို မမှတ်ဘဲ ရှေ့၌ အရာတို့ကို လှမ်းကမ်း၍ ယေရှူခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကိုရခြင်းငှာ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏”
ရှင်ပေါလု၏ ဘဝအသက်တာခရီးကိုလေ့လာကြည့်ပါက သူ၏ ဘဝအစပိုင်းတွင် ခရစ်ယာန်များကိုလိုက်လံသတ်ဖြတ် ညှင်းဆဲသောသူဖြစ်သည်။ သို့သော် သခင်ယေရှု ခရစ်နှင့် တွေ့ဆုံပြီးနောက်တွင် အသက်တာတစ်ခုလုံးပြောင်းလဲသွားခဲ့ပါသည်။ သူ၏ ဘဝ ကို အဆိပ်အတောက်ဖြစ် စေသောအရာများကို အကုန်ထားခဲ့ပြီး ဘုရားသခင်၏ အမှုတော်မြတ်တွင် အကောင်းဆုံးအသက်ရှင် ခဲ့ပါသည်။ အတိတ်မှ နောင်တရစရာများကို ပြန်တွေးမနေတော့ဘဲ အရှေ့၌ ရှိသောပန်းတိုင်ဆီသို့သာ ရှေးရှူကာ အရောက်လှမ်းသွား ခဲ့ပါသည်။ ဘုရားဘုန်းတော်ထင်ရှားခဲ့ပါသည်။
ကျွန်ုပ်တို့အယောက်စီတိုင်းကို စာတန်သည် ကျွန်ုပ်တို့၏အတိတ်မှ မှားယွင်း အပြစ်များထဲ ထပ်ဖန်တလဲလဲ ကြေကွဲဖို့ ဝမ်းနည်းဖို့အလိုရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ မှားယွင်းမိသမျှအပြစ်များကို ဘုရားသခင်ထံ ဝန်ချတောင်းပန်မှ လွတ်မြောက် ခြင်းကို ရရှိမည်ဖြစ်သည်။ ယုဒရှကာရုတ်နှင့် ရှင်ပေတရုတို့၏ အဖြစ်အပျက်ဖြင့် အားပေး လိုပါသည်။ယုဒရှကာရုတ်သည် သခင်ယေရှူအား ဖာရိရှဲတို့ထံ ရောင်းစားမိခဲ့ ပါသည်။ သူသည် သခင်ယေရှူကိုသစွာဖောက်ခဲ့သောကြောင့် ကြိုးဆွဲချ၍ သေခဲ့ပါသည်။ သို့သော် ပေတရုသည် ထိုသို့မဟုတ်ပါ။ သူသည်အမှန်တကယ် သခင်ယေရှုကို သုံးကြိမ် တိုင်တိုင် ငြင်းပယ်ခဲ့ပါသည်။သူ၏ သူရဲဘောကြောင်သော လုပ်ရပ်ကြောင့် သူ၏ ကျန်ရှိသော ဘဝအသက်တာကို ကြေကွဲခြင်းများ တွေ့ကြုံနိုင်ပါသည်။ သို့သော်သူသည် ထိုသို့ မဟုတ်ဘဲ မိမိအပြစ်များကိုသိကာ ဝန်ချတောင်းပန်ပြီးနောက်ပိုင်း ရှေ့အသက်တာကို အကောင်းဆုံးအသက်ရှင်လျှောက်လှမ်းပါသည်။ ထိုကြောင့်ကျွန်ုပ်တို့အယောက်စီတိုင်း သည် အတိတ်မှ အမှားများ နောင်တရစရာများကို ထားခဲ့ကာ အကောင်းဆုံး အသက်ရှင် လျှောက်လှမ်းကြပါစို့။