သုတ္တံကျမ်း ၁၉:၂၁” လူသည်အထူးထူးအပြားပြားကြံစည်တတ်၏။ သို့ရာတွင် ထာဝရဘုရား၏အကြံအစည်သည် တည်လိမ့်မည်။”
လူသားတစ်ယောက်အနေဖြင့် လူ့ဘဝကြီးထဲ ရှင်သန်လျှောက်လှမ်းသည့် အခါတွင် ရည်ရွယ်ချက်ပန်းတိုင်ထားရှိရမည်ဖြစ်သည်။ ဘဝတွင် ရည်မှန်းချက် ပန်းတိုင် မရှိသော ဘဝသည် အဓိပ္ပယ်လည်းရှိမည်မဟုတ်ပေ။ ရည်မှန်းချက်ပန်းတိုင်သည် ဘဝကို အောင်မြင်မှုပန်းတိုင်ဆီသို့ တွန်းပို့ပေးသော အရာတစ်ခုဖြစ်သည်။
ရည်မှန်းချက်ဖြင့်အသက်ရှင်သောသူနှင့် အသက်မရှင်သောသူတို့သည် အရာရာ တွင် ကွာခြားလို့နေမည်ဖြစ်သည်။ သို့သော်ဘဝ၏ စစ်မှန်သော ဘဝရည်မှန်းချက် ပန်းတိုင် ကိုသိရှိဖို့ရန်အလို့ငှာ ဘုရားသခင်နှင့် အစမပြုဘဲ သိရှိနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်သည် လူသားအယောက်စီတိုင်းကို ဤလောကထဲ မမွေးဖွားမှီ ကတည်းကပင် အကြံအစည် ရှိထားပြီးဖြစ်သည်။ ကျွန်ုပ်တို့ အယောက်စီတိုင်းကို ဘုရား သခင်သည် ရွေးချယ်မှု(၂)ခု ပေးထားပါသည်။ထိုနှစ်ခုကတော့ ကိုယ့်ရဲ့ဘဝကို ကိုယ့်ရဲ့ အကြံအစည် ကိုယ့်ရဲ့ အတွေးအခေါ်အတိုင်းသွားမလား? သူ့ရဲ့အကြံအစည် သူ့ရဲ့ ရည်ရွယ် ချက် အတိုင်းသွားမလား? ဟူ၍ နှစ်ခုရှိပါသည်။သေချာတာတစ်ခုကတော့ မိမိကိုယ် ကို အခြေခံပြီးတည်ဆောက်မည်ဆိုရင် မိမိဘဝ၏ရည်ရွယ်ချက်ကို ဘယ်တော့မှ သိရှိတော့ မည်မဟုတ်ပေ။ ကျွန်ုပ်တို့အယောက်စီတိုင်းကို ဘုရားသခင်သည် သူ့နေရာနဲ့သူ ခွဲခန့် မှတ်သား ထားပြီးဖြစ်သည်။ အရာအားလုံးကို လုပ်ဆောင်ဖို့ရန် ဘုရားသခင်သည် အလို တော် မရှိပေ။ မိမိကို ဘုရားသခင်ပေးထားသော ဆုကျေးဇူးများကို သိရှိပြီး ဘုရား သခင် ၏ ဘုန်းတော်အတွက် အသက်ရှင်ရမည်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ ဘဝအသက်တာကိုဘုရားသခင်၏ လက်တော်ထဲသို့ ဘဝကို ပုံအပ်ပြီး ဘုရားသခင်ပြင်ဆင်ပေးသော ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက် လှမ်းကြရမည်ဖြစ်သည်။