(၅၉) အခက်ခဲဆုံးအချိန်အလိုအပ်ဆုံးအရာ

Share

၂ကော ၄:၈-၉ငါတို့သည် အမျိုးမျိုးသောနှောင့်ယှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်၊မကြံစည်နိုင်အောင်ရှိသော်လည်းစိတ်မပျက်။ညှင်းဆဲခြင်းကို ခံရသော်လည်းဆုံးရာသို့မရောက်

လောက၏ဘဝခရီးကို လျှောက်လှမ်းကြရသည့်အခါတွင် လောကဓံ၏ ရိုက်ပုတ် မှုများကိုလူသားတိုင်းရှောင်ဖယ်လို့မရနိုင်ပါ။ ဒေသနာကျမ်းထဲ၌ ဖော်ပြထားသည်မှာ “ငိုရသော အချိန်နှင့် ရယ်ရသောအချိန်ရှိ၏။ ညည်းတွား‌ရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏” ဟုဖော်ပြထားပါသည်။ ဘဝတွင် ပျှော်ရွှင်စရာ အခိုက်အတန့်မျိုးတွင် ရင်ခုန်ကြည်နူးရသလို ကြေကွဲဝမ်းနည်းရသော အချိန်တွင် ခေါင်းမဖော်နိုင်လောက်အောင် စိတ်ဖိစီးမှူများ ကြုံတွေ့ ကြရပါသည်။ ခလေး၊ လူငယ်၊ လူကြီးအသက်အရွယ်အပိုင်းအခြားအလိုက် မတူညီသော ဘဝ ဖြတ်သန်းမှုများကို ကြုံတွေ့ကြရပါသည်။ မတူညီသော ဘဝဖြတ်သန်းမှုများ ဟုပြောသည့် အခါတွင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးပြသနာအမျိုးမျိုးဖြစ်ပါသည်။ ထိုသို့ကြုံတွေရသောအခါမျိုးတွင် စိတ်ဓါတ်ကျသလို မိမိအားကူညီဖေးမမည့်သူကို တောင့်တ ကြပါသည်။ အချို့လည်း ကူညီဖေးမမည့်သူ မရှိတော့ချိန်၊ မျှော်လင့်ချက်များပျက်စီးချိန်တွင် မှားယွင်းသောနည်းလမ်းများဖြင့် ဘဝကို အရှုံးပေးသွားကြပါသည်။ကျွန်ုပ်တို့ ယုံကြည်သူ အယောက်စီတိုင်း အတွက် သမ္မာကျမ်းစာထဲတွင်အခက်ခဲဆုံးအချိန်၌ သခင်ယေရှူ၏ အသက် ရှင်မှုကိုကြည့်ခြင်းဖြင့် ခွန်အားယူရမည်ဖြစ်သည်။ သခင်ယေရှု၏ ဘဝဖြတ်သန်းမှု တလျှောက် တွင် ငယ်စဉ်ကတည်းခ‌ လေးဘဝကတည်းကမှစ၍ အမှုတော်မြတ်ကိုထမ်းဆောင်သည်အထိ အခက်အခဲများ၊ အနှောင့်အယှက်များဖြင့် ကြုံတွေ့ခဲ့ရပါသည်။ သို့သော်သခင်ယေရှုသည် အသက်တာကို ကြည့်ပါက ဖိစီးမှုအောက်၌ ငြိမ်သက်စွာအသက်ရှင်ခဲ့သည်ကို တွေ့ရ မည်ဖြစ်သည်။ နေ့ရက်စဉ်တိုင်း သခင်ယေရှုသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်လာသော ဝေဖန်မှု များ၊ ကဲ့ရဲ့မှုများကို ဖြေရှင်းရပါသည်။ ထိုအရာများကို ဖြေရှင်းနိုင်ဖို့ရန် သခင်ယေရှု၏ နည်းလမ်းတစ်ခုမှာ နံနက်တိုင်းမည်သည့်အရာမျှမလုပ်ဆောင်ခင် ခမည်းတော်ဘုရားသခင်ထံ ဆုတောင်းခြင်း၊ မိတ်သဟာရဖွဲ့ခြင်းအမှုများကို ပုံမှန်လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ဝိညာဉ် ခွန်အားနှင့် ပြည့်ဝလာပြီး အခက်အခဲများ ၊လောကဓံ၏ ဖိစီးမှုးများကို ငြိမ်သက်ခြင်းဖြင့် ကျော်ဖြတ်နိုင်ခဲ့ပါသည်။ထို့ကြောင့် ကျွန်ုပ်တို့ယုံကြည်သူအယောက်စီတိုင်း၏ အခက်အခဲ၊ ဖိစီးမှုများကျော်ဖြတ်နိုင်ဖို့ရန် အလိုအပ်ဆုံး နည်လမ်းတစ်ခုမှာ ဘုရားသခင်ထံ ဆုတောင်းခြင်း နှင့် မိသဟာရဖွဲ့ခြင်းဖြစ်သည်။ ဆုတောင်းခြင်းနှင့်အတူ ဘုရားသခင်နှင့် မိတ်သဟာရ ဖွဲ့ခြင်း အားဖြင့် အခက်ခဲဆုံးအချိန်များကို ကျော်ဖြတ်ကြပါစို့။