(၅၅) ထာဝရလူသားဖြစ်ခြင်း

Share

ရာဇဝင်ချုပ်(ပ) ၂၉:၁၅ အကျွန်ုပ်တို့သည် ဘိုးဘေးကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာနေရသောကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏

လောကကြီး၌ ဖန်ဆင်းသမျှအရာအားလုံးထဲတွင် လူကို ဘုရားသခင်သည် အံဩ ဘွယ်သောသွင်ပြင်လက္ခဏာများဖြင့် ဖန်ဆင်းခဲ့သည်။ လောက၌ သက်ရှိသက်မဲ့ အရာ မှန်သမျှ ကို အုပ်စိုးရန် စီမံခန့်ခွဲရန် တာဝန်ပေးခဲ့ပါသည်။ ဖန်ဆင်းသမျှအားလုံးထဲတွင် လူကို အမြင့်ဆုံး ချီးမြောက်ခဲ့ပါသည်။ လူသည် အပြစ်ထဲ၌ မကျဆင်းမှီ ထာဝရလူအဖြစ် ဘုရားသခင် ဖန်ဆင်းခြင်းဖြစ်သည်။ သို့သော် လူသည်ဘုရားစကားနားမထောင်ခြင်းကြောင့် အပြစ်တရား၏အခကားသေခြင်းပေတည်းဟူသော အရာသည် လူသားမျိုးနွယ် အဆက်ဆက် သို့ ကျရောက် ခဲ့သည်။ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်၏ကြီးမားစွာအ သုံးပြုခြင်းခံရသော သူတစ်ယောက်ဖြစ်သည်။ သူသည် ဟေဗြုန်မြို့၌ ခုနှစ်နှစ်၊ ယေရုရှင်လင်မြို့၌ သုံးဆယ်သုံး နှစ်မင်းပြု၍ က္ကသရေလနိုင်ငံကို နှစ်ပေါင်းလေးဆယ် စိုးစံခဲ့ပါသည်။ သူ့ဘဝ၏ နောက်ဆုံးအချိန်တွင်မြေကြီး ပေါ်တွင်နေရသောကာလသည် အရိပ်သက်သက်သာ ဖြစ်သည် ဟု ဝန်ခံခဲ့ပါသည်။ သမိုင်း အဆက်ဆက် ထင်ပေါ်ကျော်ကြားသောသူများသည်လည်း အသက်အရွယ်ကြီးပြင်းလာသောအခါထင်ပေါ်ကျော်ကြားမှုများသည်အရိပ်ပမာ ကွယ်ပျောက် သွားကြရပါသည်။ဤလောကကြီးထဲပိုင်ဆိုင်ထားသော စည်းစိမ်ဥစွာ၊ အောင်မြင်မှု များသည် ချန်ထားခဲ့ရမည်ဖြစ်သည်။အလိုအပ်ဆုံးအရာတစ်ခုမှာ “ထာဝရအသက်”ကို ရရှိပြီလားဟူသော မေးခွန်းအတွက်တိကျသောအဖြေကို သိဖို့လိုပါသည်။ သေရင် ဘယ်သွားမလဲ? ထာဝရ အသက်ရရှိဖို့ရန်ဘာလုပ်ရမလဲ? မေးခွန်းများအတွက် စိတ်ချမှုလိုပါသည်။ ထိုမေးခွန်းအားလုံး အတွက် အဖြေမှာ “ယေရှူခရစ်တော်သာ”ဖြစ်သည်။ ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော် ထံသို့မရောက်ရာ” ဟုမိန့်ဆိုခဲ့သည်။ သခင်ယေရှုခရစ်ကို ယုံကြည်သောသားသမီးတိုင်းသည် ထာဝရအသက်ကို ရရှိမည်ဖြစ်သည်။ ထိုထာဝရအသက်သည် ကျွန်ုတို့အတွက်ဘုရားသခင်  ပေးသော ထာဝရ အာမခံချက်ဖြစ်သည်။ စိတ်နှလုံးသားတံခါးကို ဖွင့်ပြီး သခင်ယေရှုကိုမိမိ၏ ကယ်တင်ပိုင်ရှင် အဖြစ်ခေါ်ဖိတ်လက်ခံပါက ထာဝရအသက်ကိုရရှိပြီး နောင်တမလွန်အတွက် စိတ်ချမှုကို ရရှိမည်ဖြစ်သည်။