မသဲ ၂၅:၄၀”ငါအမှန်အကန်ဆိုသည်ကား၊သင်တို့သည်ဤသူတည်းသူသော ငါ့ညီ တို့တွင် အငယ်ဆုံးသောသူတစ်ယောက်အားပြုကြသမျှတို့ကို ငါ့အားပြု ကြပြီ”
ယနေ့တွင် ကျွန်ုပ်တို့သည် လူမှုကယ်ဆယ်ရေးအသင်းများ၊ မိဘမဲ့ခလေး ဂေဟာများကို နေရာအသီးသီးတွင် တွေ့ရမည်ဖြစ်သည်။ အချို့လည်း မိမိကိုယ်ကျိုးအတွက် အဖွဲ့အစည်းကို အခြေခံကာ အသုံးချသူများလည်းရှိကြပါသည်။ အမှန်တကယ်ပေးဆပ်သောသူအယောက်စီတိုင်း၊ လုပ်ဆောင်သောများလည်းရှိပါသည်။ အင်မတန်မှ လေးစားစရာကောင်းသော သူများဖြစ်သည်။ သမ္မာကျမ်းစာထဲ၌ သခင်ယေရှုသည်လည်း လူပေါင်းစုံနှင်ထိတွေ့ပြီး သူတို့၏ လိုအပ်ချက် ဖြည့်ဆည်းပေးခဲ့ပါသည်။ နူနာစွဲသူများ၊ သွေးသွန်နာခံစားရသူများကိုအနာငြိမ်းစေပြီး နတ်ဆိုး စွဲကပ်သူများကိုလည်း မောင်းထုတ်ပေးခဲ့ပါသည်။ဆရာကြီးသံလျင်ဖေသွင်စာအုပ်ထဲမှ အင်္ဂလန် နိုင်ငံရှိ လော့ဒ်ရှာဖ်စ်ဘယ်ရီဟုဆိုသော သူတစ်ယောက်အကြောင်းကို ဖော်ပြလိုပါသည်။ လော့ဒ် ဟူသောဘွဲ့ကို အင်ပါယာဧကရာဇ်က တော်ရုံလူကိုအပ်နှင်းခြင်းမပြုပါ။ ကြွယ်ဝချမ်းသာပြီး ညာဏ်ပညာနှင့်ပြည့်စုံသောသူကိုသာပေးပါသည်။ဘယ်ရီသည်အထက်လွှတ်တော်အမတ် ဖြစ်သော ကြောင့် အေးအေးဆေးဆေးသက်သောင့်သက်သာဘဝကို ပိုင်ဆိုင်ရရှိထားသူဖြစ်သည်။ သို့သော် တစ်နေ့တွင်အင်္ဂလန်နိုင်ငံတွင်ပလိပ်ရောဂါ ဖြစ်လာပါ၏။ ထိုရောဂါကြောင့် နိုင်ငံအတွင်း သေဆုံးသူ ဦးရေ တစ်စပြီးတစ်စ တိုးလာပါတော့သည်။ ဆင်းရဲသောသူများကို မြုပ်နှံဖို့ရန် ရက်ကွက်များမှ လူဆိုးများ၊ဆိုးသွမ်းသောသူများကို ပိုက်ဆံပေးပြီး သဂြိုလ်စေသည်။ တစ်နေ့မှာတော့ အရက်မူး နေသော လူနှစ်ယောက်သည် အလောင်းတစ်လောင်းကို လှည်းဖြင့်တွန်းလာရာမှ ကျောက်တုံးနှင့် ဝင်တိုက်ကာ အလောင်းကောလှည်းကော တကွဲတပြားလွင့်စင်သွားပါတော့သည်။ ထိုအဖြစ်အပျက် အစအဆုံးကို လော့ရှာဖ်စ်ဘယ်ရီသည် သူ၏အိမ်မှ မြင်တွေ့သွားခဲ့ပါသည်။ နောက်ပိုင်းတွင်သူသည် သူ၏အမတ်ရာထူးမှ နုတ်ထွက်ကာ ဆင်းရဲသားများကူညီမစဖို့ရန်ဆုံးဖြတ်လိုက်ပါသည်။ သူ၏ ကြိုးပမ်းမှုကြောင့် လူဆိုးများလည်းအလုပ်အကိုင်ရလာပြီး စိတ်နှလုံးပြောင်းလဲကာ လူရာဝင် လူကောင်းများအဖြစ်ပြောင်းလဲလာခဲ့ပါသည်။ သူသေဆုံးချိန်တွင် သူ၏ဈာပနာသည် အင်္ဂလန် ပြည့်ရှင် မင်းညီမင်းသားဈာပနာထက်ပင်စည်ကားခဲ့ပါသည်။ သူ၏ ပေးဆပ်မှုသည် ကျွန်ုပ်တို့ အတွက် အတုယူစရာပင်ဖြစ်သည်။
ထို့အတူပဲ ကျွန်ုပ်တို့သည် မိမိရှိသောနေရာတွင် အရာအားလုံးတတ်စွမ်းနိုင်သော သူများ မဟုတ်သောငြားလည်း တတ်စွမ်းသ၍ ကူညီပေးမသော လက်တစ်စုံဖြစ်ဖို့ရန် ကြိုးစား ရမည် ဖြစ်သည်။ ကိုယ်၏ဆောင်မခြင်း၊ နှုတ်၏ဆောင်မခြင်း၊ ငွေကြေးအားဖြင့်ဆောင်မခြင်းရှိမှသာ ကူညီဖေးမသောသူတစ်ယောက်အဖြစ် ဘုရားဘုန်းတော်ထင်ရှားစေမည်ဖြစ်သည်။