ရောမ ၈:၂၈” ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီ တညွတ်တည်း ပြုစုကြသည်ကိုငါတို့သိကြ၏။
လောက၌ရှိရှိသမျှအရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲ၌ သာရှိပါ၏။ ယနေ့ ကျွန်ုပ်တို့ ရှုရှိုက်ရသောလေ၊ သောက်သုံးခွင့်ကို ပေးထားသောရေ၊ နေထိုင်ခွင့်ကို ပေးထား သော ကမ္ဘာမြေကြီး အရာအားလုံးသည် ဘုရားသခင်၏ အခွင့်ပေးထားခြင်းကြောင့်သာ ရရှိခြင်း ဖြစ်ပါ သည်။ ထို့အပြင် ဘုရား သခင်သည် လူတစ်ဦးနှင့်တစ်ဦးကို ဖန်းဆင်းရာတွင် မတူညီသောသွင်ပြင် လက္ခဏာများဖြင့် ဖန်ဆင်းထားပါသည်။ ဘဝဖြတ်သန်းမှုမတူညီကြသလို ရှင်သန်ရသော ပတ်ဝန်း ကျင်လည်း မတူညီကြပေ။ ဤအချင်းအရာကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် လူသား အယောက်စီတိုင်းကို မတူညီသောအကြံအစည်များအားဖြင့် ဖန်ဆင်းထားခြင်းဖြစ်သည်ကို တွေ့ရ မည်ဖြစ်သည်။ ရောမ ၈:၂၈တွင် ဘုရားသခင်ကို ချစ်သောသူ၏ ဘဝအသက်တာကို ဘုရား သခင်သည် အစဉ်မြဲကြည့်ရှုစောင်မပြီး မတူညီသော ဘဝအတွေ့အကြုံများအားဖြင့် သူ၏ လက်တော်ထဲ၌ပဲ့ပြင်လမ်းပြပေးနေပါသည်။ ခမ်းသိမ်းသောအရာဟု ပြောသည့်အခါတွင် ဖျားနာ ခြင်း၊ ချစ်ခင်သူသေဆုံးခြင်း၊ ငွေးကြေးအခက်အခဲ ကြုံရခြင်း စသဖြင့်အရာအားလုံးတို့သည် ဘုရား သခင်၏လက်တော်ထဲ၌သာရှိပါ၏။သို့သော်ဘုရားသခင်၏လက်တော်ထဲ၌ရှိသောသူ၏ အသက်တာ သည်ဘယ်သောအခါမှ ဘုရားသခင်သည်ဆုံးရာသို့မရောက်စေပါ။ အချိန်တန်သောအခါ ချီးမြောက်ခြင်းနှင့် သက်သာခြင်းကို အစဉ်အမြဲပေးပါသည်။ ခွန်အားယူစရာအဖြစ် သမ္မာ ကျမ်းစာ ထဲမှ ယောဘ၏ အသက်တာကို ကြည့်ခြင်းအားဖြင့်ဘုရားသခင်၏ လက်တော်ကို တွေ့ရ မည် ဖြစ်သည်။ ယောဘသည် အင်မတန်မှ ဘုရားတရားကိုင်းရှိုင်းပြီး နှစ်စဉ်နှစ်တိုင်း ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းခြင်း ဝတ်ကို လုပ်ဆောင်သောသူဖြစ်ပါသည်။ သူမထင်မှတ်သောတစ်နေ့တွင် သူ၏သားသမီးများ ဆုံးရှုံး၍ ပိုင်ဆိုင်မှုများလည်း တမုဟုတ်ခြင်းပျောက်ကွယ်သွားပါတော့သည်။ ခန္ဓာကိုယ် အနှံ့အပြားလည်းအနာစိမ်းများ၏ နှိပ်စက်ခြင်းကြောင့် နာကျင်ခြင်း ဒဏ်ကို ခံစားခဲ့ ရပါသည်။ ဘုရားသခင်သည် သူ့ကို မတူညီသောအတွေ့အကြုံများနှင့်ဖြတ်သန်းစေခဲ့ပါသည်။ နောက်ဆုံးတွင် သူ၏ဘုရားသခင်အပေါ်သစွာရှိခြင်းတို့ကြောင့် ဘုရားသခင်ထံမှ နှစ်ဆသော ကောင်းကြီးနှင့် စိတ်နှလုံးသက်သာခြင်းအခွင့်ကိုရရှိခဲ့ပါသည်။ ယောဘ၏ဘဝအသက်တာသည် ခါးသီးသော အတွေ့အကြုံများကြုံတွေ့ခဲ့ရသော်လည်း ဘုရားသခင်၏ လက်တော်ထဲ၌ ရှိနေသော ကြောင့် ပျက်စီးခြင်းလမ်းထဲသို့မရောက်ခဲ့ပါ။ ထိုအတူပဲ ကျွန်ုပ်တို့သည်လည်း မိမိ၏ ဘဝ အသက်တာကို ဘုရားသခင်၏လက်တော်ထဲ၌ ဆက်ကပ်အပ်နှံပြီး အလိုတော်အတိုင်း အသက်ရှင် လျှောက်လှမ်းကြပါစို့။