(၄၁)နေ့စဉ်ဘုရားသခင်နှင့်တိတ်ဆိတ်စွာ အချိန်ယူခြင်း

Share

ဆာလံ :အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူ ရပါ၏။ နံနက်အခါ ကိုယ်တော်မျက်မှောက်ပြု၍ မြော်လင့်ပါမည်

ဘုရားသခင်အသုံးပြုခြင်းခံရသောသူများမှာ နေ့စဉ် ဘုရားသခင်နှင့် အဓိကထား တွေ့ဆုံနေသည့်သူများဖြစ်ပါသည်။ သူတို့သည် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်းကို အသက်တာ၌ စနစ်တကျလုပ်ဆောင်ကြပြီး၊ မနက်စောစော အလုပ်များမစမှီ၊ ဖုန်းသံများ မမြည်မှီ၊ တနေ့တာ၏တောင်းဆိုချက်များအစမပြုမှီ ဘုရားသခင်နှင့်အချိန်ယူကြပါသည်။ ကျွန်ုပ်တို့အများစုသည် အလုပ်များသော သူများဖြစ်ပါသည်။ ကျွန်ုပ်တို့၏မိသားစု၊ ကျွန်ုပ်တို့၏အိမ်၊ ကျွန်ုပ်တို့၏ အသင်းတော်၊ ကျွန်ုပ်တို့အသိုင်းအဝိုင်းက လှုပ်ရှားမှုများ ကို လှုပ်ရှားစေပါသည်။ သို့သော် ကျွန်ုပ်တို့အဓိကဦးစားပေးရမည့်အရာမှာ ဘုရားသခင်နှင့် အချိန်ယူခြင်းဖြစ်ပါသည်။ အာဗြံဟံသည် နံနက်စောစော ဘုရားသခင်နှင့် တွေ့ဆုံ ပါသည်။ ဒံယေလသည် တနေ့တွင် ဘုရားသခင်နှင့် သုံးကြိမ်အချိန်ယူပါသည်။ ဒါဝိဒ်လည်း နံနက်စောစော ဘုရားသခင်အသံတော်ကို တောင့်ပါသည်။ ထို့ကြောင့် လည်း ဘုရားသခင် သည်ထိုသူတို့ကို ကောင်းကြီးများပေး၍ ရဲစွမ်းသတ္တိခွန်အားများကို ပေးခဲ့ ပါသည်။ နံနက် စောစော ဘုရားသခင်နှင့်တိတ်ဆိတ်စွာ အချိန်ယူဖို့ရန်….

(က)ကျမ်းစာအုပ်

(ခ)မှတ်စုစာအုပ်

(ဂ)ဆုတောင်းစာရင်း များလိုပါသည်။

ကျမ်းစာကို အရင်ဆုံးစဖတ်ရမည်ဖြစ်သည်။ ထိုအရာက သင့်ကို ဘုရားသခင်ထံ အာရုံယူနိုင်ရန် ကူညီပေးပါမည်။ ထို့နောက် မှတ်စုစာအုပ်ထဲ၌ ဘုရားသခင် သွန်သင် ပေးအရာများကို မှတ်သားရမည်ဖြစ်သည်။ ထို့နောက်စိတ်ထဲပေါ်လာသောအရာများနှင့် ဆုတောင်းစာရင်းများကို ဆုတောင်းရမည်ဖြစ်သည်။ နေ့စဉ်ဘုရားသခင်နှင့် တိတ်ဆိတ်စွာ အချိန်ယူခြင်းဖြင့်  ဘုရားသခင်၏လမ်းပြမှု နှင့် ဝိညာဉ် ခွန်အားကို ရရှိမည်ဖြစ်သည်။