(၃၇) သင့်ကောင်းကျိုးအတွက်သာ

Share

ရောမ ၈:၂၈” ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည် တော်မူခြင်း အတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီ တညွတ်တည်းပြုစုကြသည်ကို ငါတို့သိကြ၏”

ယနေ့လောကထဲ အသက်ရှင်ကြသည့်အခါ လူတိုင်းတွင်ပြသနာ ကိုယ်စီရှိ ကြပါ သည်။ ဤကာလအတွင်းတွင် လူတိုင်းခက်ခက်ခဲခဲဖြတ်ကျော်ရသော အချိန်များ ရှိမည်ဖြစ်သည်။ လောကထဲနေထိုင်သော လူသားများ ဖြစ်သည့်အလျောက် ဆင်းရဲ ဒုက္ခ အမျိုးမျိုးကို နေ့စဉ်ရင်ဆိုင်ကြရပါသည်။ ယုံကြည်သူများ အသက်တာ မှာ လည်း ကြုံကြ ရမည်ဖြစ်သည်။

အချို့‌သော ယုံကြည်သူများက ခရစ်တော်ကိုယုံကြည်လက်ခံပြီးလျှင် အရာရာ အဆင်ပြေသွားမည်၊ ကောင်းချီးခံစားရမည်၊ အခက်ခဲပြသနာများမရှိတော့ဟု ထင်တတ် ကြပါသည်။ သို့သော်ဘုရားသခင်သည်ယုံကြည်သူများ၏ အသက်တာကို ပြုပြင် သည့် အခါ ဆင်းရဲဒုက္ခများအားဖြင့် ပြုပြင်ပေးပါသည်။ခရစ်တော်က ယုံကြည်သူများကို “ ဤ လောကတွင် ဆင်းရဲဒုက္ခခံရမည်”ဟု ပြောပါသည်။

အသက်(၁၇)နှစ်အရွယ် ရုပ်ရည်ချောမောပြီး ပညာတတ်သော ရေကူးချန်ပီယံ ဆုရသူ ဂျော်နီဟုခေါ်သောမိန်းခလေးသည် ဒိုင်ဗင်ထိုးရာမှမမျှော်လင့်ဘဲ အောက်ပိုင်း သေ သည့် ဒုက္ခိတဘဝသို့ရောက်ခဲ့ပါသည်။ သူမက” ဘဝဟာသာယာလှပတဲ့အချိန်မှာ ဘုရား သခင် ကောင်းမြတ်တယ်၊ ခရစ်တော်နည်းတူ အသက်ရှင်ကြတယ်၊ ခရစ်တော် နည်းတူ ပြောတတ်ကြတယ်၊ ဒါပေမဲ့ ဆင်းရဲဒုက္ခရောက်တဲ့အခါမှာ ခရစ်တော်ကို အမှန်တကယ် သိကျွမ်းလာတယ်” ဟု ပြောပါသည်။

ထို့ကြောင့်ဘုရားသခင်သည်ကျွန်ုပ်တို့အားဆင်းရဲဒုက္ခအမျိုးမျိုးပေးတွေ့ခြင်းဖြင့်  ထိုအရာတွေထဲမှာ ဘုရားသခင်၏ကောင်းမြတ်ခြင်းကို နားလည်စေဖို့ဖြစ်သည်။ အခက် အခဲပြသနာအားလုံးသည် ကျွန်ုပ်တို့၏ ကောင်းကျိူးအတွက် ဘုရားသခင် ပြုစု ပေး သော အရာများဖြစ်ပါသည်။