ယောဟန် ၁၉:၃၀” ယေရှုသည် ပုံးရည်ကိုခံပြီးမှ အမှုပြီးပြီဟု မိန့်တော်မူ လျက်၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏”
ဓမ္မသစ်ကျမ်းထဲတွင် သခင်ယေရှုခရစ်တော်၏အသက်တာသည် ကျွန်ုပ်တို့ အတွက် ပုံဥပမာပင်ဖြစ်သည်။ အဆုံးစွန်ဆုံးအရာမှာ လူသားအားလုံးအတွက် အသက်ကို ပေးခဲ့ခြင်းဖြစ်သည်။ အမှုတော်မြတ်ထဲ စတင် လျှောက်လှမ်းသည့် အချိန်မှစ၍ စုံစမ်းခြင်း များ၊ တိုက်ခိုက်မှုများ၊ ထိုးနှက်မှုများကို ကြိမ်ဖန်များစွာ ကြုံခဲ့ရပါသည်။ သခင်ယေရှု လျှောက်သောလမ်းသည် သာယာဖြောင့်ဖြူးသော လမ်းတော့မဟုတ်ခဲ့ပါ။ ထိုသို့ ခက်ခဲသော လမ်းသို့လျှောက်ရစေကာမူ၊ သူ့အား မျှော်ကြည့်သူ၊ ဆာငတ်သူများကို ဘယ် သော အခါမှ မျက်ကွယ်မပြုခဲ့ပါ။ ကြင်နာသနားသော လက်ဖြင့် ထွေးပွေ့ပေးခဲ့ပါ သည်။
ဖျားနာသူများ၊ မျက်စိမမြင်သူများ၊ လမ်းမလျှောက်နိုင်သူများအတွက်လည်း အနာရောဂါများကို ငြိမ်းစေခဲ့ပါသည်။ မျှော်လင့်ခြင်းကင်းမဲ့သော ဘဝများကိုလည်း မျှော်လင့်ခြင်းရောင်ခြည်ထွန်းလင်းစေခဲ့ပါသည်။ယေရှုခရစ်တော်သည် အမှုတော်မြတ်ထဲ တွင် အဆုံးတိုင်အောင်တည်ကြည်စွာလျှောက်လှမ်းသူဖြစ်သည်ကိုတွေ့ရမည်ဖြစ်သည်။
သခင်ယေရှုကဲ့သို့ တပည့်တော်များနှင့်ကနဦးယုံကြည်သူများသည်လည်း အမှု တော်မြတ်တွင် အသက်ပေးကာ အဆုံးတိုင်အောင်တည်ကြည်ခဲ့ကြပါသည်။ အမှုတော် မြတ်ထဲတွင် အဆုံးတိုင်အောင်တည်ကြည်သောသူသာ ဘုရားသခင်ပေးသော ဆုလဒ်ကို ရရှိမည်ဖြစ်သည်။