(၃၅) စိုးရိမ်ခြင်းအမှုကိုကိုယ်တော်၌ အပ်လော့

Share

၁ပေ ၅:၇” သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌ စိုးရိမ်ခြင်း အမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့”

လူသားများဖြစ်သည့်အလျောက်ကျွန်တော်တို့၏ ဘဝအသက်တာတွင် စိုးရိမ် ခြင်း အမှုများနှင့်မကင်းနိုင်ပေ။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသဖြင့် အမျိုးမျိုး သော စိုးရိမ်ခြင်းအမှုများသည် ကျွန်တော်တို့၏ နေ့စဉ်လူမှုဘဝကို ဝန်းရံလို့နေပါသည်။ ခလေး၊ လူငယ်၊လူကြီးအလိုက် သူ့အတိုင်းအတာနှင့်သူ စိုးရိမ်ခြင်းအမှုများကို ရင်ဆိုင်ကြ ရပါ သည်။ ဘဝရှေ့ရေးအတွက်စိုးရိမ်ကြရပါသည်။ စားဝတ်နေရေးအတွက် စိုးရိမ်ရပါ သည်။ မြောက်များစွာသောစိုးရိမ်ခြင်းအမှုများကို ကျွန်တော်တို့အနေဖြင့် မည်သို့ ဖြေရှင်း မည်နည်း?။မည်သည့်နည်းလမ်းက အကောင်းဆုံး ဖြစ်မည်နည်း?။ စဉ်းစားစရာ ရှိပါသည်။

စိုးရိမ်ခြင်းအမှုများနှင့်ပတ်သတ်ပြီး ဖြေရှင်းရမည့်နည်းလမ်းကိုနှုတ်ကပတ်တော်ထဲတွင် ဖော်ပြထားပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်သာ စိုးရိမ်ခြင်းအမှုများကို ကျော်လွှားနိုင်မည်ဖြစ်သည်။ဘုရားသခင်သည်အသက်ရှင်တော်မူသောကြောင့် ကျွန်တော် တို့ ၏ စိုးရိမ်ခြင်းအမှုများကို အသေးစိတ်သိရှိထားပါသည်။ စိုးရိမ်ခြင်းနှင်ပတ်သတ်ပြီး…

(၁)ပထမနည်းလမ်းကတော့ဘုရားသခင်သည် လူကို လွတ်လပ်စွာတွေးတော ကြံစည် စီမံ နိုင်ခွင့်ကို ပေးထားသောကြောင့် စိုးရိမ်ခြင်းအမှုများကို လူသည် မိမိ၏ ဥာဏ်စွမ်း ရှိသမျှ ဖြင့်ဖြေရှင်းခွင့်ကို ရရှိထားပါသည်။

(၂)ဒုတိယနည်းလမ်းကတော့ မိမိမတတ်နိုင်သော စိုးရိမ်ခြင်းအမှုများကို ဘုရားသခင်၏ လက်တော်ထဲအပ်နှံကာ ကူညီမှုမစကို တောင်းခံနိုင်ပါသည်။

ဘုရားသခင်သည် ကျွန်တော်တို့၏ ရင်ဆိုင်နေရသော စိုးရိမ်ခြင်းအမှုများကို ကူညီမစဖို့ရန် အမြဲတမ်းတံခါးဖွင့်ကြိုဆိုနေမြဲပင်ဖြစ်သည်။ လူ၏ဖြေရှင်းနိုင်စွမ်းသည် အကန့်အသတ် ဖြင့်သာလုပ်ဆောင်နိုင်သည်။ မှန်ကန်သောနည်းလမ်းကို လုပ်ဆောင်ခြင်းဖြင့် စိုးရိမ်ခြင်း အမှုများကို ဖြတ်ကျော်ကြစို့။