သုတ္တံကျမ်း ၃၁:၃၀” ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်”
အိမ်ထောင်တစ်ခုတွင် ထာဝရဘုရားကို ကြောက်ရွံ့သောမိခင်ရှိလျှင် သားသမီး များသည် မှန်ကန်သောလမ်းသို့ရောက်ရှိမည်ဖြစ်သည်။အထူးသဖြင့် မိခင်သည် သားသမီး များနှင့် အနီးကပ်ဆုံးသူများဖြစ်သောကြောင့်မိခင်၏ အသက်ရှင်မှု၊ ယုံကြည်မှု၊ ဆက်ကပ် မှု၊ ဆိုဆုံးမမှုတို့သည် သားသမီးများအပေါ် အကျိုးသက်ရောက်မည်ဖြစ်သည်။
ဆရာကြီး ဒီအယ်လ်မူးဒီ(D.L Moody) ၏ မိခင်အကြောင်းကိုဖော်ပြလိုပါ၏။ တကယ်တော့ ဆရာကြီးမူးဒီ၏ ဖခင်ကွယ်လွန်ချိန်တွင် သူ၏မိခင်သည် အသက်(၄၁)နှစ် အရွယ်ပင်ဖြစ်ပါသည်။ သားသမီးကိုးယောက်၏ စားဝတ်နေရေးအတွက် အင်မတန်မှ ရုန်းကန်ရမည်ဖြစ်သည်။ ပင်ပန်းစွာရုန်းကန်ခဲ့ရသော မိခင်ဖြစ်မည်မှာသေချာပါသည်။ သို့သော် သူမသည် ညတိုင်းသားသမီးများကို ကျမ်းစာဖတ်ပြကာ သွန်သင်ပဲ့ပြင် ပေးခဲ့ပါ သည်။ထိုသို့သူမသည် သားသမီးများကို သမ္မာတရားလမ်းထဲသို ပို့ဆောင်ပေးသောကြောင့် သားသမီးများသည် လူဆိုး၊လူမိုက်များမဖြစ်ဘဲ တန်ဖိုးရှိသောသူများဖြစ်လာခဲ့ပါသည်။ သူမသည် ထာဝရဘုရားကို ကြောက်ရွံ့သောမိခင်ဖြစ်သောကြောင့် သားသမီးများအပေါ် ကောင်းကြီးမင်္ဂလာများရောက်ရှိစေခဲ့ပါသည်။
ထာဝရဘုရားကို ကြောက်ရွံ့သောမိခင်ဖြစ်ရန် ကျမ်းစာဖတ်ခြင်း၊ ဆက်ကပ်ခြင်း၊ ဆုတောင်းခြင်းတွင် အားကြီးဖို့လိုသည်။ ထာဝရဘုရားကိုကြောက်ရွံ့သောမိခင်သည် ချီးမွမ်းခြင်းကို ခံရမည်ဖြစ်သည်။