မဿဲ ၅:၁၄”သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌ တည် သော မြို့ကို မကွယ်နိုင်”
ယုံကြည်သူခရစ်ယာန်တစ်ယောက်၏ အသက်တာသည်အခြားသော မယုံ ကြည်သူများ အရှေ့တွင် ပုံသက်သေကောင်းဖြစ်ဖို့လိုပါ၏။ အလင်း(သို့) ဆားဖြစ်ဖို့ လို ပါသည်။အဝေးသင်တက္ကသိုလ်ကျောင်းသားဘဝတွင်ကျွန်တော်သည်လှိုင်သာယာ အထည် ချုပ် စက်ရုံတွင်သွားရောက်လုပ်ကိုင်ခဲ့ဖူးပါ၏။ တစ်ရွာတည်းအတူနေသော သူငယ်ချင်း များ၊ လူငယ်များသည်လည်း ထိုစက်ရုံတွင် ကျွန်တော့်ထက်အရင် အလုပ်ဝင် နေကြ ပါ သည်။ကျွန်တော်တို့ရွာသည် ကရင်လူမျိုးများနေထိုင်သောရွာဖြစ်သောကြောင့် ဆဲဆိုခြင်း များ၊ ခိုက်ရန်ဖြစ်ပွားမှုများသည် အင်မတန်မှရှားပါသည်။ သို့သော် ကျွန်တော်သည် စက်ရုံသို့အလုပ်ဝင်ပြီးမကြာမှီပင်ကျွန်တော့်ရွာသား၊လူငယ်များသည် ဆဲဆိုတတ် လာ သည်ကို သတိထားမိပါသည်။ ဆဲဆိုခြင်းကို ပုံမှန်သုံးနှုံးသော စကားအဖြစ်သုံး တတ်လာ ကြပါသည်။ ဆဲဆိုခြင်းသည် ဘုရားဘုန်းတော် ကျဆင်းစေသောအရာ တစ်ခု ဖြစ်သည်။ ယုံကြည်သူများ ဖြစ်လင့်ကစား ဆဲဆိုသောစကားများကို သုံးနှုံးလာပြီးဆိုပါက မိမိ ဘုရား သခင်၏ သားသမီးများ ဟုတ်မဟုတ် ပြန်လည်ဆန်းစစ်ဖို့လိုပါသည်။
ယုံကြည်တစ်ယောက်အနေဖြင့် အခြေအနေများကြောင့်ဘဲဖြစ်စေ၊ အမုန်း တရားများ ကြောင့်ဘဲဖြစ်စေ၊ မကျေနပ်မှုများဘဲဖြစ်စေ သမ္မာသတိဖြင့် မိမိကိုယ်ကို ထိန်းချုပ်ရမည်ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်၏သားသမီးများသည် လောက အတွက် အလင်းဖြစ်စေသောသူများဖြစ်သည်။