(၂၈)ခရစ်တော်၌တကိုယ်တည်းဖြစ်ခြင်း

Share

ရောမ ၁၂:၅ ထို့အတူ၊ အများဖြစ်သောငါတို့သည် ခရစ်တော်၌ တကိုယ်တည်း ဖြစ်၍ ၊ အသီးသီးအင်္ဂါချင်းဖြစ်ကြ၏

လူတစ်ယောက်နှင့်တစ်ယောက်ကို ဘုရားသခင်သည် မတူညီသော သွင်ပြင် လက္ခဏာများဖြင့်ဖန်ဆင်းထားခြင်းဖြစ်သည်။စိတ်နေစိတ်ထား၊အကြိုက်များ၊ လုပ်ဆောင် နိုင်မှုများ၊ ဝါသနာများလည်းမတူညီကြပေ။ လူသားတိုင်းအကြိုက်များ၊ ဝါသနာများ၊ လုပ်ဆောင်မှုများ အလုံးစုံတူညီနေပါက ကမ္ဘာကြီးသည် အင်မတန်မှ ပျင်းဖို့ ကောင်းသွား ပါလိမ့်မည်။ သခင်ယေရှုသည် သူ၏အမှုတော်မြတ်ထဲတွင် တပည့်တော် (၁၂)ပါးကို ရွေးချယ်ခဲ့ပါသည်။ လူအတန်းအစားပေါင်းစုံထဲမှ သူနှစ်သက်သောသူများကို ရွေးထုတ် ခဲ့ပါသည်။ တပည့်တော်တစ်ဦးစီတိုင်း၏ အရည်အချင်းများသည် တစ်ဦးနဲ့ တစ်ဦး မတူညီကြပေ။ သို့သော်ဘုရားသခင်သည် ထိုသို့ မတူညီကွဲပြားသောအရည် အချင်း များကို တစုတစည်းထဲပေါင်းစုံကာ သူ၏အမှုတော်မြတ်ထဲတွင် အသုံးပြုခဲ့ ပါသည်။ ထို တပည့်တော်များအားဖြင့်ကမ္ဘာကြီးကို တုန်လှုပ်စေကာ အံဩဘွယ်ရာ သတင်းကောင်းကို လူသားတိုင်းသိရှိစေခဲ့ပါသည်။

ထို့အတူပဲ ကျွန်တော်တို့၏ အစွမ်းအစအရည်အချင်းများကို ဘုရားသခင်၏ အမှု တော်မြတ်ထဲတွင် ပြန်လည်အသုံးခံရမည်ဖြစ်သည်။ မိမိပိုင်ဆိုင်ထားသော အရည်အချင်း၊ အစွမ်းအစများကိုဘုရားသခင်၏အမှုတော်မြတ်ထဲတွင် အသုံးမခံပါက တာဝန် ကျေသော သူဖြစ်မည်မဟုတ်ပေ။ ကျွန်တော်တို့သည် ခရစ်တော်၌ တစ်ကိုယ်တည်းဖြစ်သောကြောင့် မိမိတို့၏အစွမ်းအစ၊ အရည်အချင်းများကို ဘုရားသခင်အမှုတော်မြတ်ထဲတွင် ပါဝင် ဆက်ကပ် အသုံးတော်ခံကြစို့။