၁ကော ၈:၉” သို့သော်လည်း၊ သင်တို့အခွင့်ကို အားနည်းသောသူတို့၌ ထိမိ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ သတိပြုကြလော့”
ထိမိ၍လဲစရာ ဟူသောစကားလုံးသည် အင်မတန်မှ ကျွန်တော်တို့၏ အသက်တာကို သွန်သင်ပေးသောစကားလုံးတစ်ခုဖြစ်သည်။ ဥပမာအားဖြင့်- Baseball အားကစားပြိုင်ပွဲများတွင် ခွန်အားနည်း၍ ကြံ့ခိုင်မှုမရှိပါက ပြိုင်ပွဲ ဝင်လို့ရမည်မဟုတ်ပေ။ တွန်းတွန်းတိုက်တိုက်ကစားရသောကြောင့် ခွန်အားနည်း ပါက ထိလိုက်တာနှင့် လဲကျသွားမည်ဖြစ်သည်။ ထိုအတူပဲ ကျွန်တော်တို့၏ ခရစ်ယာန်အသက်တာတွင်လည်း ထိမိ၍လဲစရာမဖြစ်ဖို့ရန် ဆင်ခြင်ရမည် ဖြစ်သည်။ ယုံကြည်သူခရစ်ယာန်အသက်တာသည်မယုံကြည်သူများ အရှေ့တွင် ကွာခြား နေရမည်ဖြစ်သည်။ သူတစ်ပါးမိုးခါးရေသောက်သလို မိမိလည်း သောက် ရမည်မဟုတ်ပေ။ ယနေ့တွင်ကျွန်တော်တို့သည် စိန်ခေါ်မှုမြောက်များစွာဖြင့် ရင်ဆိုင် ကြုံတွေရကြပါသည်။ အရက်သေစာသောက်စားခြင်း၊ မူးယဇ်ဆေးဝါး သုံးစွဲ ခြင်း၊ အကောက်ကြံခြင်း၊ စသဖြင့် ထိမိ၍လဲစရာအကြောင်းအရာများသည် ဝန်းရံ လို့ နေပါသည်။ ဝိညာဉ် ခွန်အားမကြံ့ခိုင်ပါက မျောပါသွားမည်ဖြစ်သည်။
ထို့ကြောင့်ထိမိ၍လဲစရာအကြောင်းအရာများကိုတွန်းလှန်နိုင်ဖို့ရန် အတွင်း လူသည် ဝိညာဉ်ခွန်အားဖြင့်ကြံ့ခိုင်ဖို့လိုပါသည်။ နေ့တိုင်းကျန်းမာဖို့ရန် အဟာရ ဖြစ်စေသော အစားအသောက်များကို စားရသကဲ့သို့ ဝိညာဉ်ခွန်အားပြည့်ဝဖို့ရန် ဘုရားသခင်နှင့်အစဉ်အမြဲချိတ်ဆက်ထားရမည်ဖြစ်သည်။ထို့မှသာမိမိအသက်တာ သည် သူတစ်ပါးအရှေ့တွင် ထိမိ၍ လဲစရာဖြစ်မည်မဟုတ်တော့ပေ။