(၂၃)အနာရောဂါငြိမ်းစေသောဘုရား

Share

မဿဲ ၁၉:၂၆ ယေရှုသည်လည်း၊ သူတို့ကိုကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူ သည်ဟု မိန့်တော်မူ၏

ဘုရားသခင်၏ကျေးဇူး‌တော်ကြောင့် အနာရောဂါမှသက်သာပျောက်ကင်းသွားသော အဒေါ်တစ်ယောက်၏ အသက်တာအားဖြင့် အားပေးလိုပါသည်။ စာရေးသူ၏အဒေါ်သည်  ကျမ်းမာရေး မကောင်းသောကြောင့် အိပ်ရာထဲတွင်သာ နှစ်နှစ် လောက်လှဲနေခဲ့ရပါသည်။ နှစ်နှစ် ကာလတွင်ခြေထောက်ကလည်း ဆန့်လို့မရ၍ ဒူးခေါင်းကိုကွေးရင်းနဲ့သာ အိပ်ခဲ့ရပါသည်။ သေခြင်း နှုတ်ခမ်းဝသို့လည်း အကြိမ်ကြိမ်အခါအခါ ဖြတ်ကျော်ခဲ့ရပါသည်။တစ်ခါကအသက်ရှု ကြပ် လာ၍ သတိမေ့မြောကာ အသက်ကယ်ဆေးထိုးခဲ့ရပါသည်။လူအများကတော့သေပြီး အထင်နဲ့ လာရောက် ကြည့်ရှုကြပါသည်။သို့သော်သူမပြန်လည်သတိရလာခဲ့ပါသည်။ ဒူးကလည်း ဆန့်လို့မရ ခြေထောက် ကွေးကွေးကြီးနဲ့ နှစ်နှစ်တာကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပါသည်။ သူမသည် အိပ်ရာ ထဲနေစဉ် ကာလတွင် ဘုရားသခင်၏ မစမှုကိုသာ တောင့်တပါသည်။ အကယ်၍ ဘုရားသခင် အလိုတော် ရှိလျှင် သူမကိုခေါ်တော်မူပါဟု အလိုတော်ကို ဝန်ခံရင်းဖြတ်သန်းခဲ့ပါသည်။ နှစ်နှစ်ကျော် ပြီးနောက် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ပြန်လည်ကျန်းမာလာပြီး ယခုတွင် သူမသည် သာမာန် လူကဲ့သိုလမ်းကောင်းကောင်းလျှောက်နိုင်ပြီးဖြစ်သည်။အံ့ဩဘွယ်ရာပင်ဖြစ်သည်။လူအများ လည်း အံဩကြပါသည်။ ဘုရားသခင်သည် သူမကို ကျန်းမာစေခဲ့ပါသည်။စာ‌ရေးသူ အနေဖြင့် သူမ၏ အသက်တာထဲမှ အတု ယူစရာများကိုဖော်ပြလိုပါသည်။

(၁)သူမသည်ဘုရားသခင်၏မစမှုကိုတောင့်တသည်

(၂)သူမသည် အလိုတော်ကိုဝန်ခံသူဖြစ်သည်

(၃)သူမသည် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ထံမျှော်ကြည့်သည်

(၄)သူမသည် ဘုရားသခင်နှင့်မိသဟာရဖွဲ့လိုသူဖြစ်သည် ဟူသောအချက်များကို တွေ့ရပါသည်။

ထို့ကြောင့် ဘုရားသခင်သည် ခပ်သိမ်းသောအရာကို တတ်နိုင်ပါသည်။ ဘုရားသခင်သည် ကျန်းမာခြင်းကို ပေးပိုင်သူ၊ အနာရောဂါများကို ငြိမ်းစေသူဖြစ်သောကြောင့် ထိုဘုရားသခင်ကိုသာ ခိုလှုံကိုးစားပါက အံ့ဩဘွယ်ရာများကို မြင်တွေ့လာမည်ဟု  အားပေးလိုပါသည်။